OSMyan logoOSMyanအွန်လိုင်းဆိုင် အော်ဒါစီမံခန့်ခွဲမှု စနစ်

စနစ်တကျ စီမံချင်တဲ့ အွန်လိုင်းဆိုင်များအတွက် ခေတ်မီနည်းပညာများဖြင့် အထူးဖန်တီးထားသည်

OSMyan ဟာ AI agent တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ဖို့ MCP ပါဝင်သော အော်ဒါ စီမံခန့်ခွဲမှု စနစ်တစ်ခုဖြစ်ပါတယ်

အခြား သာမာန် POS များနှင့်မတူပဲ အွန်လိုင်း ဆိုင်ပိုင်ရှင်များအတွက် သီးသန့်ဖန်တီးထားတဲ့ OSMyan ဟာ လုပ်ငန်းစီမံခန့်ခွဲမှုကို ခေတ်မီနည်းပညာတွေသုံးပြီး စနစ်တကျ လုပ်ဆောင်နိုင်အောင် ကူညီပေးမှာပါ

Dashboard screenshot

အသုံးပြုနေသော ဆိုင်များ

House of Sisters
The Look Fashion House
StickOn Chic
House of Sisters
The Look Fashion House
StickOn Chic

ဘာလို့ OSMyan သုံးရမလဲ?

OSMyan နဲ့ဆို စတင်ရတာ လွယ်ကူပြီး နေ့စဉ်လုပ်ငန်းတွေကို သက်တောင့်သက်သာစွာ စီမံရင်းနဲ့ လုပ်ငန်းတိုးချဲ့ဖို့ အာရုံစိုက်နိုင်လာမယ်

၀၁

ပစ္စည်းစာရင်းတွေ စိစစ်ပြီး မှတ်တမ်းတင်

SKU၊ စျေးနှုန်း နဲ့ stock ပမာဏတွေနဲ့ ကုန်ပစ္စည်းများ ထည့်သွင်းနိုင်ပါသည်။ CSV bulk import သို့မဟုတ် တစ်ခုချင်း ထည့်ပါ — အချိန် ခဏအတွင်း inventory အဆင်သင့်ဖြစ်ပါမည်။

၀၂

အော်ဒါ နဲ့ ဘောက်ချာတွေကို ထိန်းချုပ် စီမံ

အော်ဒါလက်ခံရရှိတဲ့အခါ ဝယ်သူအချက်အလက်၊ ပစ္စည်းအမျိုးအစားနဲ့ အရေအတွက်တွေကို ဘောက်ချာထုတ်ပေးပြီး အော်ဒါအတည်ပြုလုပ်ပါ။ ဒယ်လီဗာရီကို အပ်နှံပြီး အဆင့်ဆင့် မှတ်တမ်းတင်ကာ တစ်နေရာတည်းမှာ စီမံနိုင်ပါသည်။

၀၃

အစီရင်ခံစာ ဖတ်ပြီး လုပ်ငန်းတိုးတက်အောင်လုပ်

အရောင်း၊ ပစ္စည်းအဝင်အထွက် နဲ့ ကြွေးကျန် အခြေအနေ တွေကို လိုက်လံတွက်ချက်နေစရာမလိုပဲ အလိုအလျောက် နေ့စဉ်/အပတ်စဉ် အစီရင်ခံစာကို ရရှိနိုင်သည်။

အဓိကလုပ်ဆောင်ချက်တွေ

အွန်လိုင်းဆိုင်တွေကို ခေတ်မီ နည်းပညာနဲ့ ထိန်းချုပ်စီမံနိုင်အောင် ကူညီမယ့် အဓိကလုပ်ဆောင်ချက် ၃ မျိုး

အော်ဒါစီမံခန့်ခွဲမှု

Cloud data sync ဖြင့် ဘယ်နေရာကမဆို အော်ဒါများကို စီမံနိုင်သည်။

OSMYAN က cloud ပေါ်မှာ run လုပ်တာကြောင့် ဆိုင်မှာဖြစ်စေ၊ အိမ်မှာဖြစ်စေ၊ အပြင်သွားနေချိန်မှာဖြစ်စေ အော်ဒါတွေကို update လုပ်နိုင်ပြီး order status, payment, stock check နဲ့ staff ownership များကို sync ဖြစ်ပြီး backup ဖြစ်နေစေပါတယ်။

  • မည်သည့် device (Phone, Tablet, Computer) ဖြစ်စေ order workspace တစ်ခုတည်းကို ဝင်ရောက်အသုံးပြုနိုင်မှု
  • Order, payment, stock နဲ့ staff update များ sync ဖြစ်နေမှု
  • Cloud-backed record များကြောင့် spreadsheet နှင့် device ပျောက်ဆုံးမှု risk လျော့နည်းမှု

MCP Agent ချိတ်ဆက်မှု

ယုံကြည်ရသော AI agent များကို သင့်ဆိုင်ဒေတာနဲ့ ချိတ်ဆက်အသုံးပြုနိုင်သည်။

MCP-compatible assistant များကို OSMYAN နဲ့ ချိတ်ဆက်ပြီး live order, customer, inventory နဲ့ report snapshot များကို ဖတ်ရှုနိုင်သလို ခွင့်ပြုထားသော action များကို tenant scope အတွင်း လုပ်ဆောင်နိုင်ပါတယ်။

  • AI client များအတွက် tenant-scoped MCP endpoint
  • Order, customer, stock နဲ့ report များအတွက် read tool များ
  • Audit log နဲ့ policy control ပါသော optional write tool များ
MCP integration ဒမိုး

ပို့ဆောင်ရေးနှင့် Tracking

လက်ရှိပို့ဆောင်နေသော shipment တွေနဲ့ delivery အခြေအနေ များကို တစ်နေရာတည်းမှာ ခြေရာခံနိုင်သည်

Logistics partner ကိုအပ်ခြင်း၊ active shipment များကြည့်ခြင်း၊ follow-up လိုအပ်သည့် order များကို ခွဲထုတ်ခြင်းနဲ့ ဝယ်သူများအတွက် public tracking link မျှဝေခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။

  • ဒယ်လီ အပ်နှံမှုနှင့် ငွေပေးချေမှု မှတ်တမ်း
  • Active shipment နဲ့ follow-up လိုအပ်ချက်များကို မြင်နိုင်မှု
  • ဝယ်သူများအား မျှဝေနိုင်သော public tracking link

AI နည်းပညာ တပါတည်း ပါဝင်သည်

သင့်ဆိုင်ရဲ့ report ကို AI က ဒေတာအခြေပြုပြီး ရေးပေးနိုင်တယ်

OSMyan က အရောင်း၊ အော်ဒါ၊ ပစ္စည်းလက်ကျန်နဲ့ ကောက်ခံရန်ငွေ အခြေအနေတွေကို အလိုအလျောက် စုစည်းပေးတာကြောင့် ဂဏန်းတွေ ကိုယ်တိုင်လိုက်ဆွဲစရာမလိုဘဲ လုပ်ငန်းအခြေအနေကို ချက်ချင်းသိနိုင်ပါတယ်။

နေ့စဉ် Business Report (AI ဖိုး ထပ်မံကုန်ကျစရာမလို)

အရောင်း၊ အော်ဒါ နဲ့ inventory လှုပ်ရှားမှုတွေကို နေ့တိုင်း အလိုအလျောက် AI မှ ဖတ်ပြီး inbox သို့မဟုတ် Telegram channel သို့ ညတိုင်း စာရင်းချုပ် ပို့ပေးနိုင်ပါသည်။

AI Agent ချိတ်ဆက်မှု (MCP Available)

MCP (Model Context Protocol) ကို သုံးပြီး အခြား AI agent တွေကို OSMyan နဲ့ ချိတ်ဆက်ကာ အလိုအလျောက် လုပ်ဆောင်ချက်များ အတွက်လည်း အသုံးပြုနိုင်ပါသည်။

စမ်းသပ်အသုံးပြုလိုပါက စာရင်းပေးသွင်းရန်

သင့်ဆိုင်အကြောင်း ပြောပြခဲ့ပါ၊ ကျွန်တော်တို့ ဆက်သွယ်ပါမယ်။

လုပ်ငန်းစီမံခန့်ခွဲမှုကို ပိုရှင်းလင်းစေချင်တဲ့ အွန်လိုင်းဆိုင်များအတွက် အစမ်း အသုံးပြုခွင့် ပေးနေပါတယ်။ အချက်အလက်ပေးထားပါက ပြန်လည်ဆက်သွယ်ပါမယ်။

အော်ဒါတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်လာမယ်

အော်ဒါအခြေအနေ၊ ပစ္စည်းလက်ကျန်နဲ့ follow-up လုပ်ရမည့်အချက်တွေကို အချိန်မီမြင်နိုင်လို့ အမှားတွေ မကြီးလာခင် ထိန်းချုပ်နိုင်ပါတယ်။

System သုံးလို့ ဝယ်သူတွေရဲ့ ယုံကြည်မှု တိုးလာမယ်

ရှင်းလင်းတဲ့ ဘောင်ချာ၊ တိကျတဲ့ order update နဲ့ တစ်သမတ်တည်းလုပ်ငန်းစဉ်တွေက ဝယ်သူယုံကြည်မှုနဲ့ ထပ်ဝယ်မှုကို တိုးစေပါတယ်။

သင့်အချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းပါသည်။